အဓိပ္ပာယ်ရှင်းလင်းချက်

Terms and conditions

Delivery service policy

  1. မနက် ၁၀နာရီ နောက်ဆုံးထား၍ပေးပို့သော Delivery orderများကိုနေ့တွင်းချင်း လာကောက် ပေး၍လိုအပ်လျှင် ချက်ချင်းပို့ဆောင်ပေးပါသည်။ ညနေ ၂ နာရီနောက်ပိုင်း Delivery order များကို နောက်တစ်ရက်တွင် လာရောက်ကောက်ယူပေးပါသည်။ Order လာကောက်ပြီး (၃) ရက်အတွင်း ပို့ဆောင်ပေးပါသည်။
  2. ပစ္စည်းလာယူခ (Pickup charges)၊ ပြန်လဲခ(Change charges)၊ ပြန်အပ်ခ(Return charges) များပေးရန် မလိုအပ်ပါ၊ သို့သော် တစ်ကြိမ်သာလျှင် အကျုံးဝင်ပါသည်။
  3. ပြန်လဲပစ္စည်းများ (၂)ရက်အတွင်း ပြန်လဲပေးပြီး (၄)ရက်အတွင်း ပြန်ပို့ပေးပါမည်။
  4. ပြန်အပ်ပစ္စည်းများ (၁)ပတ်အတွင်း ပြန်အပ်ပေးပါမည်။ (၁)ပတ်အချိန်မပေးနိုင်ပါက MTL Express ရုံးတွင် လာယူရမည်ဖြစ်ပါသည်။
  5. ပစ္စည်းပို့ခတွက်ချက်ရာတွင် အခြေခံအားဖြင့် ပို့လိုသောမြို့နယ်ကို ပထမဦးစာပေးတွက်ချက်ပြီး ပစ္စည်းလာယူရမည့်မြို့နယ်သည် ပို့လိုသောမြို့နယ်ထက်ပိုဝေးနေပါက လာယူရမည့်မြို့နယ်၏ ဈေးနှုန်းအတိုင်း ပေးဆောင်ရမည်ဖြစ်ပါသည်။ ဥပမာ။ ။ တာမွေပို့ လှိုင်သာယာယူဖြစ်ပါက လှိုင်သာယာ၏ ဈေးနှုန်းကို ပေးဆောင်ရပါမည်။
  6. ပစ္စည်းအလေးချိန် (၂)ကီလို သို့မဟုတ် ၂ပေ ကျော်လွန်ပါက အပိုကြေး (၁)ကီလို/(၁)ပေလျှင် (၅၀၀)ကျပ် ကျသင့်ပါမည်။
  7. ငွေကောက်ပေးရန်လိုအပ်သော ပစ္စည်းများ ငွေကြိုမရှင်းပေးပါ။ ပစ္စည်းတန်းဖိုးများ ငွေပြန်ပေးရာတွင် အင်္ဂါနေ့နှင့် သောကြာနေ့ နှစ်ရက်သာ ဆောင်ရွက်ပေးပါသည်။ Wave Money Account, KPay Account, Bank Account စသော Account များအတွင်းသို့သာ ထည့်သွင်းပေးပါသည်။ Account မဟုတ်သော အခြား ငွေလွှဲဝန်ဆောင်မှုများဖြင့် ဆောင်ရွက်မပေးပါ။
  8. တရားဥပဒေနှင့် ညီညွတ်သော ပစ္စည်းများကိုသာ သယ်ယူပို့ဆောင်ပေးမည်ဖြစ်ပြီး သက်ဆိုင်ရာမှ စစ်ဆေးလျှင်သော်လည်းကောင်း၊ မသင်္ကာဖွယ်ရာပစ္စည်းဟု ယူဆလျှင်သော်လည်းကောင်း သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ပစ္စည်းများအား အပ်နှံမည်။ ၎င်းကိစ္စများဖြစ်ပေါ်လာပါက ပစ္စည်းပို့သူတွင်သာ တာဝန်ရှိပြီး MTL Express Delivery Service မှတာဝန်ပေးခန့်အပ်ထားသော ဝန်ထမ်းများနှင့် လုံးဝ လုံးဝ မသက်ဆိုင်စေရ။
  9. MTL Express Delivery Service မှတာဝန်ပေးခန့်အပ်ထားသော ဝန်ထမ်းများနှင့် ပစ္စည်းပို့စဉ်ကာလအတွင်းဖြစ်စေ၊ လုပ်ငန်းခွင်အချိန်ကာလအတွင်းဖြစ်စေ ငွေကြေး တစ်စုံတရာ အရှုပ်အရှင်းဖြစ်ပေါ်လာပါက MTL Express Delivery Service ၏ တာဝန်ရှိသူများနှင့် တိုက်ရိုက်ဖြေရှင်းနိုင်သည်။ သို့သော် မိမိတို့၏ ဆန္ဒအလျှောက်ဖြစ်ပေါ်လာသော ကိစ္စများသည် MTL Express Delivery Service နှင့် လုံးဝ လုံးဝ မသက်ဆိုင်ပါ။
  10. ထိခိုက်လွယ်သော ပစ္စည်းများ၊ ကွဲတတ်သော ပစ္စည်းများ ဖြစ်ပါက ပစ္စည်းပေါ်တွင် စာကပ်၍ဖြစ်စေ၊ လာယူသော ဝန်ထမ်းအား အသိပေးခြင်းဖြစ်စေ ကြိုတင်ဆောင်ရွက်ရမည်။ ထို့သို့ ဆောင်ရွက်ခြင်းမရှိသော ပစ္စည်းများ ပျက်စီးသွားပါက တာဝန်မယူပါ။
  11. မီးလောင်လွယ်သော ပစ္စည်းများ၊ ဓါတုပစ္စည်းများ၊ သားစိမ်းငါးစိမ်းများ သယ်ယူပို့ဆောင်ပေးခြင်း မပြုပါ။
  12. ဓား/ကပ်ကြေးကဲ့သို့ ချွန်ထက်သော ပစ္စည်းများ၊ ထိခိုက်လွယ်သော ပစ္စည်းများ၊ ကွဲတတ်သော ပစ္စည်းများ ဖြစ်ပါက အန္တရာယ်တစ်စုံတစ်ရာ မဖြစ်ပေါ်စေရန် သေချာစွာ ထုပ်ပိုးပေးရမည်။ သို့မဟုတ် ပြန်လည်ထုပ်ပိုးပေးရန် ပစ္စည်းလာယူသူအား တောင်းဆိုရမည်။
  13. မည်သည့်ပစ္စည်းအမျိုးအစားမဆို ထုပ်ပိုးထားသော်လည်း ဖွင့်စစ်ရန်လိုအပ်ပါက ခွင့်ပြုပေးရမည်။
  14. MTL Express Delivery Service သို့ အပ်နှံထားသော ပစ္စည်းများပျောက်ဆုံးလျှင် ဖော်ပြထားသော ပစ္စည်းတန်ဖိုးအတိုင်းသော်လည်းကောင်း၊ ကာလတန်ကြေးအတိုင်းသော်လည်းကောင်း MTL Express Delivery Service ဘက်မှ လျော်ကြေးပေးမည်။
  15. MTL Express Delivery Service သို့ အပ်နှံထားသော ပစ္စည်းများ ပျက်စီးသည်ဟု ယူဆလျှင် MTL Express Delivery Service ၏ တာဝန်ရှိသူများမှ စစ်ဆေးပြီးမှသာ အတည်ပြုဆုံးဖြတ်ပေးမည်။ MTL Express Delivery Service မှ တာဝန်ပေး ခန့်အပ်ထားသော ဝန်ထမ်းများ ပစ္စည်းသယ်ယူစဉ်ကာလအတွင်း အမှန်တကယ် ပျက်စီးသည်ဟု စစ်ဆေးတွေ့ရှိလျှင် အထက်ဖော်ပြပါ အမှတ်စဉ် (၁၄) အတိုင်း ဆောင်ရွက်ပေးမည်။ သို့သော် ပစ္စည်းပို့သူမှ ညွှန်ကြားထားသော တစ်ဦးတစ်ယောက်၏ လက်ဝယ်တွင် ပျက်စီးသွားပါက MTL Express Delivery Service မှ တာဝန်မယူပါ။ (ဥပမာ။ ။ ကားဂိတ်သို့ ပို့ဆောင်ပေးသော ပစ္စည်းဖြစ်ပါက ပစ္စည်းလာယူသော နေရာမှ ကားဂိတ်အထိသာ MTL Express Delivery Service နှင့်သက်ဆိုင်ပြီး ၎င်းနောက်ဖြစ်ပေါ်လာသော ကိစ္စများသည် MTL Express Delivery Service နှင့် မသက်ဆိုင်တော့ပါ။)
  16. ပစ္စည်းပို့သူ/လက်ခံသူတို့၏ ပစ္စည်းများကြောင့် MTL Express Delivery Service ၏ ဝန်ထမ်းများ စစ်ဆေးမှုခံယူရခြင်း၊ ဂုဏ်သိက္ခာထိပါးခြင်း၊ အန္တရာယ်တစ်စုံတစ်ရာနှင့်ရင်ဆိုင်ရခြင်းများ ဖြစ်ပေါ်လာပါက ပစ္စည်းပို့သူသည် MTL Express Delivery Service ဘက်မှ အရေးတယူအာဏာလွှဲအပ်ထားသော ဥပဒေရေးရာ ပညာရှင်များမှ ကျေနပ်သည်အထိ တာဝန်ယူဆောင်ရွက်ပေးရမည်။
  17. ပစ္စည်းတန်းဖိုးအား MTL Express Delivery Service ဘက်မှ ကြိုတင်ငွေပေးချေပြီးနောက် လိမ်ညာခြင်း၊ မမှန်ကန်သော အမူအရာများပြုမူဆောင်ရွက်ခြင်းများ ဖြစ်ပေါ်လာပါက အကောင့်ပိတ်ခြင်း၊ မိတ်ဖက်လုပ်ငန်းစုများ (သို့) Delivery ဝန်ဆောင်မှု ပေးနေသောလုပ်ငန်းရှင်များထံသို့ သတိပေးအကြောင်းကြားခြင်း၊ လိမ်ညာသူစာရင်းတွင် ထည့်သွင်းခြင်း၊ လိမ်ညာသူအဖြစ် ကြေငြာခြင်း၊ တရားဥပဒေနှင့် အညီ အရေးယူခြင်း စသော ပြစ်ဒဏ်များ ခံယူရမည်။
  18. (၃)ရက်အတွင်း ပစ္စည်းပို့ဆောင်ပေးရန် ပျက်ကွက်ခြင်း၊ (၃)ရက်ကျော်မှ လက်ခံမည့်နေရာသို့ ရောက်ရှိခြင်းများ ဖြစ်ပေါ်လာပါက
    ၁) MTL Express Delivery Service ကြောင့် ထိုကစ္စဖြစ်ပေါ်ခဲ့လျှင် ပစ္စည်းပို့ခပေးပြီးဖြစ်ပါက ငွေပြန်အမ်းပေးမည်။
    ၂) သဘာဝဘေးကြောင့်ဖြစ်စေ၊ သက်ဆိုင်ရာမှ စစ်ဆေးခြင်းကြောင့်ဖြစ်စေ၊ အစိုးရ၏ အရေးပေါ်ဥပဒေများကြောင့်ဖြစ်စေ ပျက်ကွက်ခဲ့ပါက ပစ္စည်းပို့ခပြန်မပေးပါ။

Welcome bonus fair usage policy

  1. တစ်ရက်အတွင်း ပထမတစ်ကြိမ်ပို့လျှင် (၁၀၀)ကျပ်မှ (၁,၀၀၀)ကျပ်အထိ ရရှိမည်ဖြစ်ပြီး ဒုတိယ အကြိမ်ပို့လျှင် (၄၀၀)ကျပ်မှ (၂,၀၀၀)ကျပ်အထိ ရရှိမည်ဖြစ်ပြီး တတိယအကြိပ်ပို့လျှင် (၅၀၀)ကျပ်မှ (၄,၀၀၀)ကျပ်အထိ ရရှိမည်ဖြစ်ပါသည်။ သုံးကြိမ်ပြည့်ပြီးတိုင်း ပထမတစ်ကြိမ်မှ ပြန်လည်တွက်ချက်ပါမည်။
  2. တစ်ရက်အတွင်း ပို့လိုသော မြို့နယ်တူ (၃)ကြောင်းပို့ပြီးတိုင် ၎င်းမြို့နယ်များသို့ ထမ်မံပို့လိုလျှင် (၂)ကြောင်းစာ Free ရရှိမည်ဖြစ်ပါသည်။ သို့သော်သတ်မှတ်ထားသော မြို့နယ်များသာ အကြုံးဝင်ပါသည်။
  3. အမှတ်စဉ် (၁)နှင့် (၂)တွင် အကြိုးခံစားခွင့်ရရှိထားသော Promotion ငွေသားများကို ကြိုတင်သွင်းငွေ(Deposit) အဖြစ်သတ်မှတ်ပြီး (က)ငွေသားအဖြစ်ပြန်လည်ထုတ်ယူနိုင်သည်၊ (ခ)ပစ္စည်းပို့ခအဖြစ် အသုံးပြုနိုင်သည်။
  4. လက်ကျန် Bonus ငွေများကို MTL Express Delivery Service ရုံးများတွင်ဖြစ်စေ၊ မိတ်ဖက်လုပ်ငန်းများထံတွင်ဖြစ်စေ ငွေသားအဖြစ် ပြန်လည်ထုတ်ပေးခြင်း မပြုပါ။